ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောတွင်း၌ ၎င်းတို့သည် အသက် ၆၀ မှ ၇၀ နှစ်အထိ နေထိုင်နိုင်ပါသည်။ မှတ်တမ်းများအရ အာရှဆင်တစ်ကောင်၏ အသက်အကြီးဆုံးမှတ်တမ်းမှာ ၈၆ နှစ်ခန့် ဖြစ်ပါသည်။

အစားအစာ

အသီးအရွက်စားသတ္တဝါဖြစ်ပြီး မြက်၊ သစ်ရွက်၊ သစ်သီး၊ သစ်ခေါက်များကိုစားသုံးကြပါသည်။ တစ်နေ့ကို အစာ ပေါင်ချိန် (၃၀၀ -၆၀၀) အထိ စားသုံးလေ့ရှိသည်။

နေထိုင်ရာ

အာရှဆင်များကို အပူပိုင်းဒေသရှိ သစ်တောများ၊ မြက်ခင်းလွင်ပြင်များ၊ အမြဲစိမ်းသစ်တော၊ အမြဲစိမ်းရောနှောသစ်တော၊ ရွက်ပြတ်ရောနှောတောစို/ခြောက်၊ ဆူးခြုံတောခြောက်၊ တောပျက်နှင့် ချုံပုတ်တောများ၊ စိုက်ခင်းဧရိယာတို့တွင် ကျက်စားနေထိုင်ကြပါသည်။

နေထိုင်ဒေသ

အရှေ့တောင်အာရှရှိ (၁၃) နိုင်ငံတွင် တွေ့ရှိရပါသည်။ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ နီပေါ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် နေထိုင်ကျက်စားကြပါသည်။

အာရှဆင်

အမည် အာရှဆင်
သိပ္ပံအမည် Elephas maximus
အလျား ခန္ဓာကိုယ်အမြင့် (၅၅၀-၆၄၀) စင်တီမီတာ
အလေးချိန် ၂၀၀၀ မှ ၆၀၀၀ ကီလိုဂရမ်ခန့်ရှိပါသည်
အထီး လိင်ရောက်အသက် အသက် (၁၀ -၁၅) နှစ်ခန့်တွင် အရွယ်ရောက်ကြပါသည်။
အမ လိင်ရောက်အသက် (၁၀-၁၅) နှစ်ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ဆင်များသည် ကိုယ်ဝန်ဆောင်ကာလကြာမြင့်ဆုံး နို့တိုက်သတ္တဝါဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလမှာ (၁၈ လမှ ၂၂လ) ခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် ဆင်များသည် အများအားဖြင့် တစ်ကောင်သာမွေးဖွားလေ့ရှိပြီး တခါတရံ အမွှာမွေးဖွားတတ်ပါသည်။ သို့သော် အလွန်ရှားပါသည်။
မူလဒေသ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသ

ထူးခြားချက်များ

အာရှဆင်များသည် ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် အာဖရိကဆင်ပြီးလျှင် ဒုတိယအကြီးဆုံး နို့တိုက်သတ္တဝါဖြစ်ပါသည်။ ခန္ဓာကိုယ်ကို မီးခိုးရောင်အရေခွံဖြင့် ဖုံးအုပ်ထားပြီး အရေခွံတွင် အမွှေးအနည်းငယ်ပါရှိပါသည်။ ငယ်ရွယ်စဉ်တွင် အမွှေးများ ထူထပ်ပြီး အသက်ကြီးလာသည့်အခါ ကျဲပါးလာပါသည်။ အရေခွံတွင် အရစ်များရှိခြင်းမှာ ၎င်းတို့၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ အထီးဆင်များသည် အမဆင်များထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပြီး နားရွက်ကျယ်ပြန့်ပါသည်။ အထီးဆင်များတွင် ရှည်လျားသော အစွယ်များရှိပြီး အမဆင်များတွင် အစွယ်သေးသေးများသာရှိခြင်း သို့မဟုတ် မရှိခြင်းလည်း ဖြစ်တတ်ပါသည်။

မှတ်ချက်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN Red List) တွင် Endangered (EN) အဖြစ် သတ်မှတ်ထားပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်တစ်မျိုးဖြစ်ပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်