ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝထဲတွင် ကျားများသည် (၁၀- ၁၅) နှစ်ထိ အသက်ရှင် နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် ပိုမိုအသက်ရှင် နေထိုင်ကြပါသည်။

အစားအစာ

အသားစားသတ္တဝါများဖြစ်ကြပါသည်။

နေထိုင်ရာ

အပူပိုင်းသစ်တော၊ မြက်ခင်းပြင်၊ ရွံနွံတော၊ လမုတောနှင့် ချိုင့်ဝှမ်းများတွင် နေထိုင်ကျက်စားကြပါသည်။

နေထိုင်ဒေသ

အာရှတိုက်တောင်ပိုင်း

ဘင်္ဂလားကျား

အမည် ဘင်္ဂလားကျား
သိပ္ပံအမည် Panthera tigris tigris
အလျား ၁၃ ပေ
အလေးချိန် ၄၀၀ - ၅၇၀ ပေါင်
အထီး လိင်ရောက်အသက် ၄ နှစ် မှ ၅ နှစ်
အမ လိင်ရောက်အသက် ၃ နှစ် မှ ၄ နှစ် ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်ကာလမှာ ခန့်မှန်းအားဖြင့် (၃) လခန့် ဖြစ်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်မွေးဖွားလျှင် (၂ ကောင်မှ ၄ ကောင်အထိ) မွေးဖွားလေ့ရှိပါသည်။
မူလဒေသ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ဘူတန်၊မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် ပျံ့နှံ့ကျက်စားကြပါသည်။

ထူးခြားချက်များ

ကျားများသည် ကြောင်ကြီးမျိုးရင်းဝင်ထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်ပါသည်။ လိမ္မော်ရောင်ပေါ်မှာ အနက်ရောင်အစင်းကြားများပါရှိပြီး ထိုအစင်းကြောင်းများသည် လူတွေရဲ့လက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့်တစ်ကောင် တူညီမှုမရှိကြပါ။

မှတ်ချက်

ဘင်္ဂလားကျားများကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered) အဖြစ်သတ်မှတ်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်