လှော်ကားအမျိုးသားဥယျာဉ်

လှော်ကားအမျိုးသားဥယျာဉ်

တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် (ရုံးပိတ်ရက်များ အပါအဝင်) • နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

တောရိုင်းတိရစ္ဆာန်များ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောများထဲတွင် (၂၀-၂၅) နှစ် အထိအသက်ရှင်ပြီး ထိန်းသိမ်းစောင့်‌ ရှောက်ထားသည့်နေရာများတွင် ၃၀ နှစ်အထိအသက်ရှင်နေထိုင်ပါသည်။

အစားအစာ

အသီးအရွက်စား သတ္တဝါများဖြစ်ပြီး အဓိကအားဖြင့် မြက်ကိုစားသော်လည်း၊ မြက်ရှားပါးသောအခါတွင် သစ်ရွက်များ၊ သစ်ညှောက်များနှင့် သစ်ခေါက်များကိုလည်း စားသုံးကြပါသည်။

နေထိုင်ရာ

မြက်ခင်းပြင်များ၊ ဆာဗားနားစားကျက်မြေများ၊ ပွင့်လင်းသစ်တောများနှင့် တစ်ခါတစ်ရံတွင် တောင်တန်းဒေသများတွင် တွေ့ရှိရပါသည်။

နေထိုင်ဒေသ

မြင်းကျားများသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ပျံ့နှံ့နေထိုင်ကျက်စားကြပါသည်။

မြင်းကျား

အမည် မြင်းကျား
သိပ္ပံအမည် Equus quagga
အလျား ၂.၁ မှ ၂.၆ မီတာခန့်
အလေးချိန် ၁၇၅ မှ ၃၈၅ ကီလိုဂရမ်ခန့်
အထီး လိင်ရောက်အသက် ၅-၆ နှစ်
အမ လိင်ရောက်အသက် ၃ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၁၂-၁၃ လ
တစ်ကြိမ်မွေးအရေအတွက် မြင်းကျားများသည် တစ်ကြိမ်မွေးလျှင် တစ်ကောင်သာမွေးဖွားလေ့ရှိပါသည်။
မူလဒေသ အာဖရိကတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်း

ထူးခြားချက်များ

ခန္ဓာကိုယ်ပေါ်ရှိ အဖြူအစင်းကြားများကို စုတ်တံပြားကြီးဖြင့် ဆေးခြယ်ထားသကဲ့သို့ တွေ့ရှိရပါသည်။ ထိုအစင်းကြောင်းများ သည် လူလက်ဗွေကဲ့သို့ပင် တစ်ကောင်နှင့် တစ်ကောင်တူညီမှု မရှိပါ။

မှတ်ချက်

နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များထိန်းသိမ်း‌ကာကွယ် ရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသည့် Red List အရ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သည့် မျိုးစိတ် (Near Threated) အဖြစ် ထည့်သွင်းသတ်မှတ်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • အေးမြသောရာသီဥတုနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားမှုကို ပိုမိုမြင်တွေ့နိုင်ရန် နံနက်ပိုင်းတွင် လာရောက်လည်ပတ်ပါ
  • ဥယျာဉ်လုံခြုံရေး ဆိုင်းဘုတ်များနှင့် တာဝန်ကျဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို လိုက်နာပါ
  • တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တောရိုင်းတိရစ္ဆာန်များအား ကြည့်ရှုရန်