လှော်ကားအမျိုးသားဥယျာဉ်

လှော်ကားအမျိုးသားဥယျာဉ်

တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် (ရုံးပိတ်ရက်များ အပါအဝင်) • နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

တောရိုင်းတိရစ္ဆာန်များ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောများထဲတွင် သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ခန့်ရှိပြီး ထိန်းသိမ်းမွေးမြူထားရှိသည့်နေရာများတွင် ၁၈ နှစ်မှ ၂၀ နှစ်အထိ နေထိုင်နိုင်ပါသည်။

အစားအစာ

အသီးအရွက်စားသတ္တဝါဖြစ်ပြီး အရွက်များ၊ မြက်များ၊ အပင်ပျော့များနှင့် အရွက်အဖူး အညွန့်များကို စားသုံးကြပါသည်။

နေထိုင်ရာ

ခြောက်သွေ့သောအိုင်ဒိုင်းတောများ၊ သစ်ကျဲတောများ၊ မြက်ခင်းပြင်များနှင့် ရေလျှံကွင်းဒေသများ (အများအားဖြင့် ရေအရင်းအမြစ်များအနီးတွင် တွေ့ရတတ်သည်)

နေထိုင်ဒေသ

မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် သမင် (Eld's deer မျိုးစိတ်ခွဲ) ကို နိုင်ငံ၏ အလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကတွေ့ရှိရပြီး၊ ၎င်းတို့ကို ရွှေစက်တော်နှင့် ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် အဓိကထား ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

ရွှေသမင်

အမည် ရွှေသမင်
သိပ္ပံအမည် Rucervus eldii thamin
အလျား ၁၅၀ မှ ၁၈၀ စင်တီမီတာခန့်
အလေးချိန် ၉၅ မှ ၁၅၀ ကီလိုဂရမ်ခန့်
အထီး လိင်ရောက်အသက် ၂ နှစ် မှ ၃ နှစ် ခန့်တွင် အရွယ်ရောက်ကြပါသည်။
အမ လိင်ရောက်အသက် ၂ နှစ် မှ ၃ နှစ် ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ၇လ - ၈လခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြီမ်မွေးလျှင် တစ်ကောင်သာ မွေးဖွားလေ့ရှိပါသည်။
မူလဒေသ မြန်မာနိုင်ငံ၏ ဒေသရင်းမျိုးစိတ်ဖြစ်သော (မြန်မာ့ရွှေသမင်) ကို နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကတွေ့ရှိရသည်။ အဓိကကျသော သမင်အုပ်စုများကို ရွှေစက်တော်နှင့် ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

ထူးခြားချက်များ

သွယ်ပြီး ရှည်လျှားသော ခန္ဓာကိုယ် ရှိပြီး အခြားသော သမင်မျိုးစိတ်များကဲ့သို့ ခန္ဓာကိုယ်ကို နီညိုရောင်အမွေးအမျှင်များဖြင့် ဖုံး အုပ်ထားပါသည်။ အထီးများမှာ အလွန်လှပသည့် လေးကိုင်းပုံသဏ္ဍန်ရှိသော ဦးချို(ဂျို)များကို ပိုင်ဆိုင်ထားကြပြီး နှစ်စဉ် ဦးချို(ဂျို)ချလေ့ရှိပြီး ဦးချို (ဂျို) အသစ်လဲလှယ်လေ့ရှိပါ သည်

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ် (Endangered species) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • အေးမြသောရာသီဥတုနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားမှုကို ပိုမိုမြင်တွေ့နိုင်ရန် နံနက်ပိုင်းတွင် လာရောက်လည်ပတ်ပါ
  • ဥယျာဉ်လုံခြုံရေး ဆိုင်းဘုတ်များနှင့် တာဝန်ကျဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို လိုက်နာပါ
  • တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တောရိုင်းတိရစ္ဆာန်များအား ကြည့်ရှုရန်