ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ဖွင့်လှစ်မည့်အချိန်: 8 am - 5 pm
နေရာ

Map not available

လည်ပတ်ရန် ကြာချိန်

30 minuites

တည်နေရာ အမျိုးအစား

Both

မြန်မာ့ကြယ်လိပ်

အစုံစားလိပ်ဖြစ်ပြီး အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိသတ္တဝါငယ်များနှင့် အင်းဆက်ပိုးမွှားများ ကိုလည်း စားလေ့ရှိပါသည်။ ဥဥရက်မှာ (၃-၄) လအထိ ကြာမြင့် ပြီး တစ်ကြိမ်လျှင် ဥ (၁၀-၂၅) လုံးအထိ ဥတတ်သည်။ သဘာဝထဲတွင် (၃၀-၄၀) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့်နေရာများတွင်သက်တမ်း (၅၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။ မျိုးစေ့များကို ပျံ့နှံ့စေသူနှင့် အပင်ငယ်များကို စားသုံးသူအဖြစ် ဂေဟစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည် ။တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု၊ နေရင်းဒေသများ ပျက်စီးဆုံးရှုံးမှု၊ အစားအစာအတွက် အမဲလိုက်ခံရမှုနှင့် တိုင်းရင်းဆေးဖော်စပ်ရန်အတွက် ဖမ်းဆီး ခံရမှုများကြောင့် အကောင်ရေလျော့နည်းလာလျှက်ရှိပါသည်။

သိကောင်းစရာ အဖြာဖြာ

မြန်မာနိုင်ငံအလယ်ပိုင်း၊ အထူးသဖြင့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ တောခြောက်များ၊ ချုံပုတ်တောများနှင့် ဆူးပင်ထူထပ်သော မြက်ခင်းပြင်များတွင် နေထိုင်ကြပါသည်။ ကျောခွံသည် အညိုရင့်ရောင်(သို့မဟုတ်)အနက်ရောင်ပေါ်မှာ ကြယ်ပုံသဏ္ဌာန်အစင်းကြောင်းပါရှိသောကြောင့် “ကြယ်လိပ်” ဟု ခေါ်ကြပါသည်။

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။

လည်ပတ်မည်
စိတ်ဝင်စားဖွယ်နေရာများ ထပ်မံကြည့်ရှုရန်