ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ရတနာပုံတိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ဖွင့်လှစ်မည့်အချိန်: 8 am - 4 pm
နေရာ
View Map
လည်ပတ်ရန် ကြာချိန်

15 minutes

တည်နေရာ အမျိုးအစား

Outdoor

ခရုစုပ်ခေါင်းမည်း

ခရုစုပ်ခေါင်းမည်း (The Glossy Ibis) သည် အရွယ်အလတ်အရွယ်အစားရှိသော ရေဝပ်ဒေသများတွင် ကျက်စားသည့် ငှက်တစ်မျိုးဖြစ်ပြီး နေရောင်အောက်တွင် အစိမ်း၊ ခရမ်းနှင့် ကြေးနီရောင်များဖြင့် တောက်ပပြောင်လက်နေသည့် ၎င်း၏ထူးခြားသည့် အမွေးအတောင်များကြောင့် လူသိများသည်။တိရစ္ဆာန် ဥယျာဉ် (ရတနာပုံ) တွင် ခရုစုပ်အုပ်စုလိုက်အား အနီးကပ်လာရောက် လေ့လာကြည့်ရှု့ နိုင်ပါသည်။

သိကောင်းစရာ အဖြာဖြာ

"ခရုစုပ်ခေါင်းမည်း (The Glossy Ibis) သည် အရွယ်အလတ်အရွယ်အစားရှိသော ရေဝပ်ဒေသများတွင် ကျက်စားသည့် ငှက်တစ်မျိုးဖြစ်ပြီး နေရောင်အောက်တွင် အစိမ်း၊ ခရမ်းနှင့် ကြေးနီရောင်များဖြင့် တောက်ပပြောင်လက်နေသည့် ၎င်း၏ထူးခြားသည့် အမွေးအတောင်များကြောင့် လူသိများသည်။ ၎င်းတွင် ရှည်လျားပြီး ကွေးညွတ်နေသော နှုတ်သီးတစ်ခုရှိကာ ယင်းနှုတ်သီးကို အသုံးပြု၍ ရွှံ့နွံများနှင့် ရေတိမ်ပိုင်းများထဲတွင် ပိုးမွှားများ၊ ငါးအသေးလေးများနှင့် ရေနေကျောရိုးမဲ့သတ္တဝါများ ကဲ့သို့သော အစာများကို ရှာဖွေ စားသောက်တတ်သည်။
ဤငှက်မျိုးစိတ်သည် အာရှ၊ အာဖရိက၊ ဥရောပနှင့် ဩစတြေးလျတို့အပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေထိုင်ကြပြီး မြန်မာနိုင်ငံရှိ ရေဝပ်ဒေသ (wetlands) များတွင်လည်း တွေ့ရှိနိုင်သည်။ ခရုစုပ်ခေါင်းမည်းများသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေထိုင်နိုင်သော ရေဝပ်ဒေသနေ ငှက်မျိုးနွယ်များဖြစ်ပြီး များသောအားဖြင့် အုပ်စုလိုက် နေထိုင်တတ်ကြကာ ရွှေ့ပြောင်းကျက်စားလေ့ရှိကြသည့်ငှက်မျိုးစိတ်ဖြစ်ပါသည်။ တိရစ္ဆာန် ဥယျာဉ် (ရတနာပုံ) တွင် ခရုစုပ်အုပ်စုလိုက်အား အနီးကပ်လာရောက် လေ့လာကြည့်ရှု့ နိုင်ပါသည်။"

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။

လည်ပတ်မည်
စိတ်ဝင်စားဖွယ်နေရာများ ထပ်မံကြည့်ရှုရန်