Map not available
15 minutes
Outdoor
အုပ်စုလိုက်နေထိုင်လေ့ရှိပြီး အစုံစားတတ်သော အရွယ်သေးငယ်သည့် မျောက်မျိုးစိတ် ဖြစ်သည်။ကိုယ်ဝန်ဆောင်ကာလမှာ (၁၄၄)ရက်ခန့်ကြာမြင့်ပြီး များသောအားဖြင့်နှစ်ကောင်မွေးပါသည်။သစ်ပင်ပေါ်တွင်နေထိုင်ပြီး ပိုးကောင် ၊ အိမ်မြှောင်ငယ်လေးများ ၊ သစ်သီး ၊ နှင့် အသိုက်ငှက်များ စားသုံးလေ့ရှိပြီးအသီးအနှံများ၊ ပိုးမွှားများနှင့် သစ်ရည်များကို စားသုံးသဖြင့် သဘာဝတွင် မျိုးစေ့ဖြန့်ဝေခြင်းနှင့် ပိုးမွှားထိန်းချုပ်ခြင်းတို့တွင် အရေးပါသည်။
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင်သာ နေထိုင်ကျက်စားလေ့ရှိပြီး ယခုအခါ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် အရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ မိုးသစ်တောများတွင် အများအားဖြင့် တွေ့ရှိရပါသည်။ နားဘေးနှင့် နဖူးပေါ်တွင် အဖြူရောင်အမွှေးများရှိပြီး ခေါင်းပေါ်အမွှေးများမှာ အညိုရင့်ရောင်ဖြစ်သည်။ ကျောဘက်အမွှေးများမှာ အညိုမီးခိုးရောင်ဖြစ်ပြီး အဖြူဖျော့စင်းကြောင်းများ ပါရှိကာ အမြီးတွင်လည်း ထင်ရှားသော အလျားလိုက် စင်းကြောင်းများပါရှိပါသည်။
ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်