သစ်ပင်ပေါ်တွင် အချိန်အများစုနေထိုင်လေ့ရှိပြီး ဝါးရွက်များကိုသာ အဓိကစားသုံးသော ရှားပါးပြီး ချစ်စရာကောင်းသည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပါသည်။ဒါ့အပြင် သစ်သီးများ၊ ဘယ်ရီသီးများနှင့် ပိုးမွှားသေးငယ်များကိုလည်း စားတတ်ကြသည်။ သဘာဝတောထဲတွင် (၈ မှ ၁၀) နှစ်ခန့် အသက်ရှင်နိုင်ပြီး ထိန်းသိမ်းစောင့်ရှောက် ထားသည့် နေရာများတွင် (၁၅) နှစ်ခန့်အထိ အသက်ရှင်နေထိုင်နိုင်ပါသည်။တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) တွင် ပန်ဒါနီ အထီး(၁)ကောင်၊အမ(၃)ကောင်ကို ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားပါသည်။
ပန်ဒါနီလေးများသည်နီညိုရောင်အမွှေးများ၊ မျက်နှာပေါ်တွင် အဖြူရောင် အမှတ်များနှင့် အမြီးပေါ်ရှိ အနီ၊အဝါရောင်အကွင်းလေးများ ကြောင့် အလွန် ချစ်စရာကောင်းသော တိရစ္ဆာန်တစ်မျိုးဖြစ်ပါသည်။ ၎င်းတို့ကို အရှေ့ဟိမဝန္တာဒေသနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့တွင် တွေ့ရှိရပြီး ဝါးပင်များစွာရှိသော အေးမြသည့် တောင်တန်းဒေသများတွင် အသက်ရှင်နေထိုင်ကြပါသည်။
ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်