လှော်ကားအမျိုးသားဥယျာဉ်

လှော်ကားအမျိုးသားဥယျာဉ်

တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် (ရုံးပိတ်ရက်များ အပါအဝင်) • နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

အတွေ့အကြုံများ

ဖွင့်လှစ်မည့်အချိန်: Open Daily 8AM - 4PM
နေရာ

Map not available

လည်ပတ်ရန် ကြာချိန်

6 hrs

တည်နေရာ အမျိုးအစား

စခန်းချအပန်းဖြေခြင်း

လှော်ကားဥယျာဉ်၏ Camping Program သည် သဘာဝပတ်ဝန်းကျင်နှင့် နီးကပ်စွာ နေထိုင်ခံစားရင်း အပန်းဖြေခြင်း၊ စွန့်စားမှုအတွေ့အကြုံရရှိခြင်း၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သဘာဝထိန်းသိမ်းရေးအသိပညာ တိုးပွားစေသော Outdoor Adventure Program တစ်ခု ဖြစ်ပါသည်။

သိကောင်းစရာ အဖြာဖြာ

လှော်ကားဥယျာဉ်၏ Camping Program သည် သဘာဝပတ်ဝန်းကျင်နှင့် နီးကပ်စွာ နေထိုင်ခံစားနိုင်ရန် စီစဉ်ပေးထားသော Outdoor Adventure နှင့် Nature Experience Program တစ်ခုဖြစ်ပါသည်။ ပါဝင်သူများသည် သတ်မှတ်ထားသော Camping Area တွင် တဲထိုးနေထိုင်ခြင်း၊ သဘာဝအလှအပများကို ခံစားလေ့လာခြင်းနှင့် တောတွင်းပတ်ဝန်းကျင်၏ ငြိမ်းချမ်းမှုကို ခံစားနိုင်ပါသည်။

စိမ်းလန်းစိုပြည်သော သစ်တောရိပ်များနှင့် သာယာလှပသော ရေကန်ဝန်းကျင်ရှုခင်းများအလယ်တွင် စခန်းချနားခိုရင်း မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုများနှင့်အတူ ပျော်ရွှင်ဖွယ် ပြင်ပလှုပ်ရှားမှုများကို စုပေါင်းဆင်နွှဲနိုင်ပါသည်။ ညနေခင်းနှင့် ညဘက်အချိန်များတွင် မြို့ပြမွန်းကြပ်မှုများမှ ကင်းဝေးကာ သဘာဝတောတောင်၏ တေးသံသာများ၊ လေညင်းနုအေးများနှင့်အတူ ကြယ်တာရာများကို ကြည့်ရှုခံစားရင်း ဘဝအမောများကို ဖြေဖျောက်နိုင်မည် ဖြစ်ပါသည်။

ထို့အပြင် Camping ပြုလုပ်စဉ် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် တောရိုင်းတိရစ္ဆာန်များကို အနှောင့်အယှက်မဖြစ်စေရန် သဘာဝထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းသည် အရေးကြီးပါသည်။ ဤအစီအစဉ်သည် စွန့်စားမှုအတွေ့အကြုံကောင်းများ ရရှိစေရုံသာမက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားချစ်မြတ်နိုးတတ်စေမည့် အလေ့အကျင့်ကောင်းများကိုလည်း တိုးပွားစေမည် ဖြစ်ပါသည်။

လည်ပတ်သူများအတွက် အကြံပြုချက်

  • အေးမြသောရာသီဥတုနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားမှုကို ပိုမိုမြင်တွေ့နိုင်ရန် နံနက်ပိုင်းတွင် လာရောက်လည်ပတ်ပါ
  • ဥယျာဉ်လုံခြုံရေး ဆိုင်းဘုတ်များနှင့် တာဝန်ကျဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို လိုက်နာပါ
  • တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

လှော်ကားအမျိုးသားဥယျာဉ်သို့ သွားရောက်လည်ပတ်ရာတွင် မမေ့နိုင်စရာ သဘာဝအတွေ့အကြုံများ ရရှိစေရန် ဤအစီအစဉ်ကိုလည်း သင့်ခရီးစဉ်တွင် ထည့်သွင်းလိုက်ပါ။

လည်ပတ်မည်
အတွေ့အကြုံများအား ကြည့်မည်