Map not available
1 hr / session
SUP ဟာ ရှေးခေတ်ရေပေါ်လှေလှော်ခြင်းအလေ့အထတွေကနေ အခြေခံပြီး Hawaii ရဲ့ Surfing ယဉ်ကျေးမှုအတွင်း ဖွံ့ဖြိုးလာကာ ၂၀၀၀ ပြည့်နှစ်များမှာ ခေတ်သစ်အားကစားတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်း လူကြိုက်များလာတဲ့ ရေအားကစားနည်းတစ်ခု ဖြစ်ပါတယ်။
Stand Up Paddling (SUP) သည် ရေပေါ်တွင် Board တစ်ခုပေါ် မတ်တပ်ရပ်၍ Paddle တစ်ချောင်းကို အသုံးပြုကာ ရေကို လှော်ပြီး ရွေ့လျားသွားလာရသော ရေအားကစားနည်းတစ်မျိုး ဖြစ်ပါသည်။ SUP သည် ကိုယ်ခန္ဓာဟန်ချက်ညီမှု၊ ခွန်အားနှင့် ကိုယ်လက်ကြံ့ခိုင်မှုတို့ကို တိုးတက်စေသည့်အပြင် သဘာဝရေပြင်ပတ်ဝန်းကျင်တွင် အပန်းဖြေခံစားနိုင်သော အားကစားနည်းတစ်ခုလည်း ဖြစ်ပါသည်။
ဤရေအားကစားနည်းသည် လှုပ်ရှားမှုနှင့် သဘာဝအလှတရားကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးထားသဖြင့် လှော်ကားကန်၏ ငြိမ်သက်အေးချမ်းသော ရေပြင်ပေါ်တွင် လှေလှော်ခတ်ရင်း ရင်ခုန်ကြည်နူးဖွယ် အတွေ့အကြုံသစ်ကို ရရှိစေမည် ဖြစ်ပါသည်။ ဝမ်းဗိုက်၊ လက်မောင်း၊ ကျောပြင်နှင့် ခြေထောက်ကြွက်သားများကို မျှတစွာ အသုံးပြုရသောကြောင့် ခန္ဓာကိုယ်ကျစ်လျစ်ကြံ့ခိုင်စေရန်အတွက် အထူးသင့်လျော်ပါသည်။
စိမ်းလန်းစိုပြည်သော သစ်တောရှုခင်းများနှင့် ကန်ရေပြင်လေပြေနုအေးတို့ကို တိုက်ရိုက်ထိတွေ့ခံစားနိုင်ပြီး မြို့ပြမွန်းကြပ်မှုများမှ ကင်းဝေးစေကာ စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါသည်။ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့်အတူ ရေပြင်ပေါ်တွင် ပျော်ရွှင်စွာ အပန်းဖြေရင်း သဘာဝတရား၏ အေးချမ်းမှုကို စိတ်တိုင်းကျ ခံစားနိုင်မည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။
လှော်ကားအမျိုးသားဥယျာဉ်သို့ သွားရောက်လည်ပတ်ရာတွင် မမေ့နိုင်စရာ သဘာဝအတွေ့အကြုံများ ရရှိစေရန် ဤအစီအစဉ်ကိုလည်း သင့်ခရီးစဉ်တွင် ထည့်သွင်းလိုက်ပါ။
လည်ပတ်မည်