ဆာဖာရီကားစီးနင်းခြင်း၊ သဘာဝတောတွင်းလမ်းလျှောက်ခြင်း၊ ငှက်ကြည့်ခြင်းနှင့် သစ်တောအီကိုလော့ဂျ် အတွေ့အကြုံများကို စုံလင်စွာ ခံစားလိုက်ပါ။
လှော်ကားဥယျာဉ်အတွင်း သဘာဝပတ်ဝန်းကျင်အလယ် အကွာအဝေးရှည် တောတွင်းလမ်းလျှောက်ခြင်းသည် အချိန်ကြာမြင့်စွာ လမ်းလျှောက်ခရီးသွားရင်း ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် သဘာဝအတွေ့အကြုံများ ရရှိစေသော Outdoor Adventure Activity တစ်ခု ဖြစ်ပါသည်။
Recommended Duration:
Short: 1.5 hrs, Long: 3 hrs
SUP ဟာ ရှေးခေတ်ရေပေါ်လှေလှော်ခြင်းအလေ့အထတွေကနေ အခြေခံပြီး Hawaii ရဲ့ Surfing ယဉ်ကျေးမှုအတွင်း ဖွံ့ဖြိုးလာကာ ၂၀၀၀ ပြည့်နှစ်များမှာ ခေတ်သစ်အားကစားတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်း လူကြိုက်များလာတဲ့ ရေအားကစားနည်းတစ်ခု ဖြစ်ပါတယ်။
Recommended Duration:
1 hr / session
ငှက်ကြည့်ခြင်း (Bird Watching) ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်အတွင်းရှိ ငှက်မျိုးစိတ်များကို အနှောင့်အယှက်မဖြစ်စေဘဲ လေ့လာကြည့်ရှုခြင်းနှင့် မှတ်တမ်းတင်ခြင်း ပြုလုပ်သည့် သဘာဝအခြေပြု လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ လှော်ကားဥယျာဉ်၏ ငှက်ကြည့်ခြင်းအစီအစဉ်သည် သဘာဝပတ်ဝန်းကျင်အတွင်းရှိ ငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုရင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးအကြောင်း သိရှိနားလည်စေပြီး သဘာဝအတွေ့အကြုံကောင်းများ ရရှိစေသော Eco-tourism အစီအစဉ်တစ်ခု ဖြစ်ပါသည်။
Recommended Duration:
4 hrs
လှော်ကားဥယျာဉ်၏ Camping Program သည် သဘာဝပတ်ဝန်းကျင်နှင့် နီးကပ်စွာ နေထိုင်ခံစားရင်း အပန်းဖြေခြင်း၊ စွန့်စားမှုအတွေ့အကြုံရရှိခြင်း၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သဘာဝထိန်းသိမ်းရေးအသိပညာ တိုးပွားစေသော Outdoor Adventure Program တစ်ခု ဖြစ်ပါသည်။
Recommended Duration:
6 hrs