သဘာဝထဲတွင် (၄၀-၅၀) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း (၅၀-၆၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။
အသီးအရွက်စားသတ္တွဝါဖြစ်ပြီး အဓိကအားဖြင့် မြက်ကိုစားသုံးပါသည်။ တခါတရံ ရေတွင်ပေါက်သည့် အပင်များအားစားသောက်တတ်ပါသည်။
မြစ်များ၊ ရေကန်များ၊ ရွှံ့နွံတောများနှင့် ရေဝပ်ဒေသများတွင် ကျက်စားနေထိုင်ကြပါသည်။
ရေမြင်းများသည် အာဖရိကတိုက် ဆာဟာရတောင်ပိုင်းဒေသရှိ မြစ်များနှင့် ရေကန်များတွင် တွေ့ရှိရပါသည်။
ရေမြင်း (Hippopotamus amphibius) သည် အာဖရိကတိုက်တွင် နေထိုင်ပြီး ကုန်းတစ်ပိုင်းရေတစ်ပိုင်း ကျက်စားတတ်သည့် ကြီးမားသော နို့တိုက်သတ္တဝါဖြစ်ပါသည်။ ခန္ဓာကိုယ်မှာ မီးခိုးရောင်ရှိပြီး စည်ပိုင်းသဏ္ဌာန် ကိုယ်ထည်၊ တုတ်ခိုင်သည့် ခြေထောက်များနှင့် အမွှေးအမှင်အနည်းငယ်အနည်းငယ်ပါရှိပါသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) အဖြစ်သတ်မှတ်ထားပါသည်။