တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုနီးကပ်စေမယ့် ရတနာပုံတိရစ္ဆာန်ဥယျာဉ်ရှိ ဆွဲဆောင်မှုရှိသော နေရာစုံကို လေ့လာကြည့်ရှုလိုက်ပါ။
ခရုစုပ်ခေါင်းမည်း (The Glossy Ibis) သည် အရွယ်အလတ်အရွယ်အစားရှိသော ရေဝပ်ဒေသများတွင် ကျက်စားသည့် ငှက်တစ်မျိုးဖြစ်ပြီး နေရောင်အောက်တွင် အစိမ်း၊ ခရမ်းနှင့် ကြေးနီရောင်များဖြင့် တောက်ပပြောင်လက်နေသည့် ၎င်း၏ထူးခြားသည့် အမွေးအတောင်များကြောင့် လူသိများသည်။တိရစ္ဆာန် ဥယျာဉ် (ရတနာပုံ) တွင် ခရုစုပ်အုပ်စုလိုက်အား အနီးကပ်လာရောက် လေ့လာကြည့်ရှု့ နိုင်ပါသည်။
Recommended Duration:
15 minutes
ဉာဏ်ကောင်းပြီးလိမ္မာလှသော ဆင်မလေး “ရတနာရွှေ” သည် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ တောအုပ်ထဲသို့ ဝင်ထွက်သွားလာသော ဆင်အုပ်လမ်းကြောင်းအနီးတွင် ဖမ်းဆီးရမိခဲ့သည်။ သူမကို ဆင်ကလေးအရွယ်ကတည်းက တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)သို့ ခေါ်ယူထိန်းသိမ်းခဲ့ပြီး ယခုအခါ အသက် ၂၂ နှစ်ရှိပြီဖြစ်ပါသည်။
Recommended Duration:
15minutes
သစ်ပင်ပေါ်တွင် အချိန်အများစုနေထိုင်လေ့ရှိပြီး ဝါးရွက်များကိုသာ အဓိကစားသုံးသော ရှားပါးပြီး ချစ်စရာကောင်းသည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပါသည်။ဒါ့အပြင် သစ်သီးများ၊ ဘယ်ရီသီးများနှင့် ပိုးမွှားသေးငယ်များကိုလည်း စားတတ်ကြသည်။ သဘာဝတောထဲတွင် (၈ မှ ၁၀) နှစ်ခန့် အသက်ရှင်နိုင်ပြီး ထိန်းသိမ်းစောင့်ရှောက် ထားသည့် နေရာများတွင် (၁၅) နှစ်ခန့်အထိ အသက်ရှင်နေထိုင်နိုင်ပါသည်။တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) တွင် ပန်ဒါနီ အထီး(၁)ကောင်၊အမ(၃)ကောင်ကို ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားပါသည်။
Recommended Duration:
15 minutes
အုပ်စုလိုက်နေထိုင်လေ့ရှိပြီး အစုံစားတတ်သော အရွယ်သေးငယ်သည့် မျောက်မျိုးစိတ် ဖြစ်သည်။ကိုယ်ဝန်ဆောင်ကာလမှာ (၁၄၄)ရက်ခန့်ကြာမြင့်ပြီး များသောအားဖြင့်နှစ်ကောင်မွေးပါသည်။သစ်ပင်ပေါ်တွင်နေထိုင်ပြီး ပိုးကောင် ၊ အိမ်မြှောင်ငယ်လေးများ ၊ သစ်သီး ၊ နှင့် အသိုက်ငှက်များ စားသုံးလေ့ရှိပြီးအသီးအနှံများ၊ ပိုးမွှားများနှင့် သစ်ရည်များကို စားသုံးသဖြင့် သဘာဝတွင် မျိုးစေ့ဖြန့်ဝေခြင်းနှင့် ပိုးမွှားထိန်းချုပ်ခြင်းတို့တွင် အရေးပါသည်။
Recommended Duration:
15 minutes
အစုံစားလိပ်ဖြစ်ပြီး အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိသတ္တဝါငယ်များနှင့် အင်းဆက်ပိုးမွှားများ ကိုလည်း စားလေ့ရှိပါသည်။ ဥဥရက်မှာ (၃-၄) လအထိ ကြာမြင့် ပြီး တစ်ကြိမ်လျှင် ဥ (၁၀-၂၅) လုံးအထိ ဥတတ်သည်။ သဘာဝထဲတွင် (၃၀-၄၀) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့်နေရာများတွင်သက်တမ်း (၅၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။ မျိုးစေ့များကို ပျံ့နှံ့စေသူနှင့် အပင်ငယ်များကို စားသုံးသူအဖြစ် ဂေဟစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည် ။တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု၊ နေရင်းဒေသများ ပျက်စီးဆုံးရှုံးမှု၊ အစားအစာအတွက် အမဲလိုက်ခံရမှုနှင့် တိုင်းရင်းဆေးဖော်စပ်ရန်အတွက် ဖမ်းဆီး ခံရမှုများကြောင့် အကောင်ရေလျော့နည်းလာလျှက်ရှိပါသည်။
Recommended Duration:
30 minuites