ရန်ကုန်မြို့အနီးတွင် တောရိုင်းတိရစ္ဆာန်များ၊ သဘာဝရေဝေရေလဲ သစ်တောရှုခင်းများနှင့်အတူ မမေ့နိုင်စရာ ဆာဖာရီစွန့်စားခန်း အမှတ်တရများကို ဖန်တီးလိုက်ပါ။
သဘာဝအတိုင်း လွတ်လပ်စွာကျက်စားနေသော ရွှေသမင်၊ ချေ၊ ဒရယ်၊ ဆတ်များနှင့် ရှားပါးရေပျော်ငှက်များကို အနီးကပ်တွေ့ဆုံလေ့လာရင်း စွန့်စားမှုအပြည့်ဖြင့် တစ်နေ့တာကို ဖြတ်သန်းလိုက်ပါ။
ဧက ၁,၅၄၀ ကျယ်ဝန်းသော လှော်ကားအမျိုးသားဥယျာဉ်ကြီးအတွင်း မိသားစုဝင်အားလုံး သစ်တောသယံဇာတနှင့် တောရိုင်းတိရစ္ဆာန်များကို အတူတကွ ချစ်ခင်ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။
လှော်ကားအမျိုးသားဥယျာဉ်ရှိ အသေးစားတိရစ္ဆာန်ဥယျာဉ် (Mini Zoo) သည် ဆင်စွယ်ပုံမုခ်ဦးကြီး၊ ဒိုင်နိုဆောရုပ်တုကြီး၊ သားကောင်သွင်းပြခန်းနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်ပြကွက်များ ပါဝင်သော လမ်းလျှောက်လေ့လာရေးဇုန် ဖြစ်ပါသည်။
လှော်ကားအမျိုးသားဥယျာဉ်ရှိ ဆာဖာရီဥယျာဉ် (Safari Park) သည် တောရိုင်းတိရစ္ဆာန်များကို သဘာဝအတိုင်း အနီးကပ် ဘေးကင်းစွာ လေ့လာနိုင်ပြီး တောတောင်ရေမြေ အလှအပများနှင့် စွန့်စားမှုခရီးစဉ်များ စုံလင်စွာ ခံစားနိုင်သော အမျိုးသားအမွေအနှစ် ထိန်းသိမ်းရေးဇုန်ကြီး ဖြစ်ပါသည်။
သဘာဝတောတွင်းလမ်းလျှောက်ခရီးစဉ်၏ စတင်ရာနေရာဖြစ်ပြီး ကြိုးတံတားကိုဖြတ်၍ အပန်းဖြေစခန်း အမှတ် (၂) သို့ ဆက်လက်သွားရောက်နိုင်သည့်အပြင် ဆင်စီးအပန်းဖြေခြင်းနှင့် သဘာဝအီကိုလော့ဂျ်များ တည်ရှိရာ နေရာဖြစ်ပါသည်။
ဆာဖာရီနယ်မြေအတွင်း အကြီးဆုံးနှင့် အလှပဆုံးသော အပန်းဖြေဇုန်တစ်ခုဖြစ်ပြီး သာယာလှပသော ကြာကန်၊ ကန်ဘောင်လျှောက်လမ်း၊ စားသောက်ဆိုင်များနှင့် အေးချမ်းစွာ အနားယူနိုင်သော သစ်တောအီကိုလော့ဂျ်များ တည်ရှိရာ နေရာဖြစ်ပါသည်။
ကန်သာယာရေကန်ဘေးတွင် တည်ရှိသော အပန်းဖြေဇုန်တစ်ခုဖြစ်ပြီး ကန်စွန်းသစ်သားတံတားများပေါ်တွင် အနားယူနိုင်ခြင်း၊ လှေနှင့် ပက်ဒယ်လိုစီးနင်းနိုင်ခြင်းတို့အပြင် အဓိက စားသောက်ဆိုင်များ စုံလင်စွာ တည်ရှိရာ နေရာဖြစ်ပါသည်။
ဆာဖာရီခရီးစဉ်၏ နောက်ဆုံး အပန်းဖြေစခန်းဖြစ်ပြီး ကန်စပ်သစ်သားတံတားကျယ်ကြီး၊ အေးချမ်းဆိတ်ငြိမ်သော အီကိုလော့ဂျ် (၃) လုံးနှင့် ပျော်ရွှင်ဖွယ် ကစားနည်းများ ဆင်နွှဲနိုင်သည့် ကန်ဘေးမြက်ခင်းပြင်ကျယ်ကြီး ပါဝင်သော နေရာဖြစ်ပါသည်။
အပန်းဖြေစခန်း အမှတ် (၁) နှင့် အမှတ် (၂) ကို ဆက်သွယ်ပေးထားသည့် သာယာလှပသော ကြိုးတံတားကြီးဖြစ်ပြီး တောတောင်ရေပြင်အလှကို ခံစားရင်း ရင်ခုန်လှုပ်ရှားဖွယ် ဖြတ်သန်းနိုင်သည့်အပြင် မှတ်တမ်းတင်ဓာတ်ပုံများနှင့် မင်္ဂလာအကြို (Pre-wedding) ဓာတ်ပုံများ ရိုက်ကူးရာတွင် အလွန်လူကြိုက်များသည့် နေရာဖြစ်ပါသည်။
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် October လအထိမ်းအမှတ်အဖြစ် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ယဉ်ကျေးမှုပွဲတော်ကို စီစဉ်ထားရှိပါသည်။ မြန်မာ့ရိုးရာအလှဆင်မှုများနှင့် ယဉ်ကျေးမှုတင်ဆက်မှုများ၊ မိသားစုနှင့်ကလေးများအတွက် လှုပ်ရှားပျော်ရွှင်ဖွယ်အစီအစဉ်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့်နေရာများပါဝင်ကာ ရိုးရာအငွေ့အသက်ပြည့်စုံသော အတွေ့အကြုံတစ်ခု ဖြစ်ပါသည်။
No announcement yet.
HTOO Zoos and Gardens Business Unit မှ ဦးစီး၍ ကြီးမှူးကျင်းပသော ( ၈ ) အကြိမ်မြောက် "Animal Behavior and Enrichment Workshop" ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့မှ (၃၀)...
ဆက်လက်ဖတ်ရှုရန်